ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ အမှတ်(၅)ရပ်ကွက် ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့လှူဒါန်း

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ မှ အမှတ်(၅)ရပ်ကွက်ပါတီကော်မတီဝင်များအား covid – 19 ကူးစက်ရောဂါကာလ စားသောက်ရေးအခက်အခဲအတွက် အခြေခံစားသောက်ကုန်များအား အမှတ်(၅)ရပ်ကွက် အပိုင်(၈) အပိုင် ပန်းခြံ (၂၇) ပန်းခြံအတွင်းရှိ ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များအား သွားရောက် လှူဒါန်းခဲ့ကြပါသည်။

သွားရောက်လှူဒါန်းရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီနာယကများဖြစ်ကြသော ဦးရဲဆွေလှိုင် ဦးမျိုးဝင်းညွှန့် ရွှေပြည်သာပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် အတွင်းရေးမှူး ဦးဇေယျာဝင်း နှင့် မြို့နယ်ကော်မတီများ အမှတ်(၅) ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များလိုက်ပါ၍ သွားရောက်ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါသည်။