သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းခြံဝန်းအတွင်း ရေမြောင်းသန့်ရှင်းရေးများ သွားရောက်ပြုလုပ်

 

သံတွဲ ဇွန်၅

သံတွဲပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နေ့လည် (၂း၀၀) အချိန်တွင် အ.ထ.က (၂)ကျောင်း ခြံဝန်းအတွင်းရှိ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ သန့်ရှင်းရေးများကို သွားရောက်၍ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင် အရံကော်မတီဝင် ဒေါ်ခင်မူ၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ အရံ ကော်မတီဝင် ဦးအောင်မျိုးဦး၊ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များ သွားရောက် ကုသိုလ်ပြု လုပ်ခဲ့ကြပါသည်။

Aung Myo Oo