လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေမြောင်း များ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်သရိုက်များ ကင်းစင်ရေးတို့ကို ရှေးရှု၍ ပြည်သူ့အကျိုးပြုလုပ်ငန်း များကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ လှိုင် သာယာမြို့နယ် ဒိုင်စုကျေးရွာ အထကခွဲ(၃)အခြေခံပညာ ကျောင်း၌ ပညာသင်ကြားနေကြသော
ကျောင်းသားကျောင်းသူကလေး များ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကူး စက်တတ်သောရောဂါများ မဖြစ် ပွားစေရန် ကျောင်းရှေ့ ရေမြောင်း အတွင်း၌ ပိတ်ဆို့နေသော အမှိုက် သရိုက်များ ဆယ်ယူခြင်း၊ ရေစီး ရေလာကောင်းမွန်စေရန် ဆောင် ရွက်ခြင်း၊ ကျောင်းဝင်းအတွင်း၌ ပေါက်ရောက်နေသော ချုံ၊ နွယ်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း တို့ကို လှိုင်သာယာမြို့နယ် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ နယ်မြေ တာဝန်ခံဦးရဲမင်းထိုက်နှင့်ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ၊ ဒိုင်စုကျေးရွာ လူငယ်ပါတီဝင်များ၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်ရွှေနှင့် ကျောင်းဆရာ၊ဆရာမများ စုပေါင်း ၍ အင်အား ၄၅ ဦးဖြင့် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ် တင်တင်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။