မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

တနင်္သာရီ ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ တမုတ်ချုံးကျေးရွာ အုပ်စုနှင့် ချောင်းလမုကျေးရွာ အုပ်စုတို့၏ ပါတီတော်မတီဝင်များနှင့် တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူ အတွင်းရေးမှူး ဦးသန်းနိုင်၊ ဏ္ဍာရေးမှူး ဦးအောင်နု၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရုံးအဖွဲ့တို့ လိုက်ပါ၍ တမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာ ဦးအေးလွင်အိမ်နှင့် ချောင်းလမုကျေးရွာအုပ်စု ချောင်းလမုရွာ ဦးအောင်မိုးလွင် အိမ်တို့တွင် ယင်းကျေးရွာအုပ်စု တို့၏ ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပါတီဝန်းရံသူတို့အား တွေ့ဆုံကာ ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ၄င်းတို့က အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒေသအလိုက် ပါတီကော်မတီဝင် များက မိမိတို့၏ ဒေသ၌ တွေ့ကြုံ ခဲ့ရသော အတွေ့အကြုံများနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို အသီးသီးပြန်လည် ဆွေးနွေးတင်ပြခဲ့ရာ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည် ဆွေးနွေးညိနှိုင်းပေးပြီး လိုအပ်သည်များ မှာကြား၍ မွန်းလွဲ ၁ နာရီတွင် တနင်္သာရီမြို့သို့ ပြန်လည်ထွက်ခွာ ခဲ့ကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)