၂၀၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည်

၂၀၁၆ ခုနှစ် တက္က သိုလ်ဝင်တန်းအောင်ကျောင်း သား၊ ကျောင်း သူများအတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လ ဆန်းဝန်းကျင်တွင် စတင်ခေါ် ယူမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြ ဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည် ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာများကို သြဂုတ်လ ဒုတိယအပတ်ခန့်တွင် လက်ခံပေးသွားမည် ဖြစ်ကြောင်း၊ ၀င်ခွင့်လျှောက်လွှာများကို ရန် ကုန်တိုင်းဒေသကြီးတွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်အားကစား ခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာ လအထိ လက်ခံပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ သိရသည်။

“၀င်ခွင့်တွေကို သြဂုတ်လထဲမှာပဲ ခေါ် ယူဖို့သတ်မှတ်ထားပါတယ်။ ပုံမှန်ခေါ်ယူနေ ကျက သြဂုတ်လထဲမှာပါ။ ၀င်ခွင့်တွေလက်ခံရင်လည်း ခါတိုင်းလက်ခံနေကျ ပညာရေးတက္ကသိုလ်ခန်းမမှာပဲ လက်ခံပေးမှာပါ။ ထူး ထူးခြားခြားအပြောင်းအလဲတော့မရှိပါဘူး” ဟုအဆင့်မြင့်ပညာဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဦးစောခိုင်က ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လက်ခံချိန်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ပေးအပ် ထားသော ၀န်ထမ်းများက လုပ်ငန်းလိုအပ်ချက်နှင့် အညီနှောင့်နှေးကြန့် ကြာမှုမရှိစေရန် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ယင်းတို့ကို ငွေကြေးတံစိုးလက် ဆောင်တစ်စုံ တစ်ရာပေးအပ်ရန်မလိုဘဲ ယင်း တို့က ငွေကြေးတံစိုးလက်ဆောင် တစ်စုံတစ်ရာတောင်းခံပါ က(သို့မဟုတ်) ကျေနပ်မှုမရှိပါက အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန (ဖုန်း၅၀၃၁၄၇) သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ကို တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များမှာ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်၊ မန္တလာကောလိပ်၊ ရေဆင်း စိုက်ပျိုးရေတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၊ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)၊ သမ၀ါယမတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)၊ သမ၀ါယမကောလိပ်များ၊ ယွန်းပညာကောလိပ်ပုဂံမြို့၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ဖြစ်သည်။

ကျောင်းအလိုက်ခေါ်ယူမည့် စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာကောလိပ်များ (A.G.T.I) များမှာ စက်မှုလက်မှုသိပ္ပံ (T.H.S)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ကန့်ဘလူ)၊ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်း တောင်း၊ ၀ါးခယ်မ၊ သရက်တို့ဖြစ်ပြီး အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ ရွှေဘို၊ ဟားခါး၊ ပူတာအို၊ ခန္တီး)တို့ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (ပညာ ရေးကောလိပ်) TTC ၊ စိုက်ပျိုးရေးသိပ္ပံ (ညောင်ပင်သာ၊ ရွှေဘို)တို့ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္က သိုလ်ဒီဂရီကောလိပ်ပေါင်း ၁၆၀ ကျော် ရှိ နေသည်။

‪Democracytoday


Leave a Reply