အစိုးရက နာဂ၊ ပလောင်၊ ကိုးကန့်၊ AA အဖွဲ့များနှင့် ယခုလအတွင်း အပြီးသတ်တွေ့မည်

နာဂ၊ ပလောင်၊ ကိုး ကန့်၊ AA အဖွဲ့များနှင့် ဇွန်လအတွင်း အပြီးသတ်တွေ့ဆုံကာ ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ အစိုးရကရှင်းလင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ NCAမရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သို့သော် နာဂ (NSCN-K)၊ ပလောင်(TNLA)၊ ကိုးကန့် (MNDAA)၊ AA စသည့်အဖွဲ့များ နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရန် ကျန်ရှိနေခြင်းဖြစ်သည်။

 ‘‘ လောလောဆယ်တွေ့ဖို့ သုံးဖွဲ့နဲ့ နာဂပဲကျန်တယ်။ ဒါတွေအားလုံးကို ဒီလမကုန်ခင်ပြီးဖို့ ဦးတည်ဆောင်ရွက်နေ ပါတယ်’’ ဟု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။ အစိုးရ ကိုယ်စား လှယ်အဖွဲ့သည် ဇွန်လဆန်းက ချင်းမိုင်မြို့တွင် NCA မရေးထိုးထားသည့် အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် ‘၀’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များနှင့် ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံ၍ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

‘‘ဖိတ်ကြားမှုတွေက ဒီလထဲမှာ ပြီးပြတ်သွားမယ်လို့ ထင်တယ်။ ကျန်တာကတော့ သူတို့တုံ့ပြန်မှုပေါ်မှာ မူတည်မှာ ပေါ့’’ ဟု ဦးလှမောင်ရွှေက ပြောသည်။

7day dailys


Leave a Reply