ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ခွဲစိတ်ကုသမှုခံယူမည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများအား တွေ့ဆုံအားပေး ထောက်ပံ့လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် စက္ခု ပါလာဒိအဖွဲ့များ ပြည်ခိုင်ဖြိုး ပါတီဝင်များသည် ဇွန်လ (၂၀) ရက် နံနက် (၁၀) နာရီခွဲအချိန်က ဟင်္သာတခရိုင် ဆေးရုံကြီးသို့ သွားရောက်၍ ခွဲစိတ်ကုသခံ ယူမည့် ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကန်ကြီးဒေါင့်မြို့နယ်များမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများ အား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ အစားအသောက်များနှင့် လှူငွေများ ထောက်ပံ့လှူဒါန်းခဲ့သည်။

13508959_791371200997374_3526016348499080606_n 13510826_791371010997393_5902384971579774799_n

အဆိုပါခွဲစိတ်ကုသမှုမှာ စက္ခုပါလာဒိဖေါင်ဒေးရှင်း၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကိုရီးယားနိုင်ငံမှ အထူးကု ဆရာဝန်ကြီးမှ ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး ယခု အကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

USDP Ayeyarwady Region News


Leave a Reply