အမေရိကန်အမိမြေလုံခြုံရေးဌာန အကြီးအကဲ ရာထူးမှ နုတ်ထွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အငြင်းပွားဖွယ် နယ်စပ်မူဝါဒအချို့ကို စည်းကြပ် အကောင်အထည်ဖော်ခဲ့သူ အမိ မြေလုံခြုံရေးဌာန အကြီးအကဲ ကီရစ်ဂျန်နယ်လ်ဆင်သည် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ယင်းဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ခြင်းသည် တစ်သက်တာ ဂုဏ်ယူစရာဖြစ်ကြောင်း မစ္စစ်နယ်လ်ဆင်က ပြောသည်။ ၎င်း၏ နေရာတွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ ကီဗင်မက်အလီနန် က ယာယီအစားထိုး တာဝန်ယူမည်ဟု ထရန့်က တွစ်တာမှတစ်ဆင့် ဖော်ပြသည်။ နယ်လ်ဆင်သည် နယ်စပ်တံတိုင်း အဆိုပြုချက်နှင့် ရွှေ့ပြောင်းမိသားစုများ ခွဲထားရေး အကောင်အထည် ဖော်ရာတွင် တာဝန်ရှိသူဖြစ်သည်။

ယခုအချိန်သည် ဘေးထွက်ရန် အချိန်ကျပြီဖြစ်ကြောင်းနှင့် အမိမြေလုံခြုံရေးဌာနသို့ စတင် ရောက်ရှိစဉ်ကထက် အမေရိကန် သည် ယခုအခါ ပိုမိုလုံခြုံလာကြောင်း နယ်လ်ဆင်က ပြောသော်လည်း နုတ်ထွက်စာထဲတွင် နုတ်ထွက်ရသည့် အကြောင်းရင်းကို ဖော်ပြခြင်း မရှိပေ။ မက္ကဆီကိုနယ်စပ်သို့ ထရန့် သွားရောက်လည်ပတ်ပြီး ရက်ပိုင်းအကြာတွင် ရာထူးမှ ၎င်းနုတ်ထွက်ခြင်းဖြစ်သည်။  နယ်စပ်ကို ပိတ်မည်ဟု ထရန့်က လတ်တလော ခြိမ်းခြောက်ထားသော်လည်း အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းများနှင့် မူးယစ်ဆေးဝါးများ ဝင်ရောက်မှု ရပ်တန့်ရေး မက္ကဆီကို အစိုးရကို တစ်နှစ်အချိန်ပေးမည်ဟု ကတိပြုထားသည်။ 

-Ref:BBC