ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲထိုးသတ်ရန် အောင်လဆန်ဆန် ဂျပန်နိုင်ငံသို့ ရောက်ရှိ

မြန်မာ MMA ကစားသမား အောင်လအန်ဆန် သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရန် မတ် ၂၄ ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို မတ် ၃၁ ရက်မှ ထိုးသတ်ရမည်ဖြစ်သော်လည်း ကြိုတင်လာရောက်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရရှားနိုင်ငံသား မစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းကမ္ဘ့ာချန်ပီယံဖြစ်လာခဲ့ပြီး နှစ်နှစ်ကြာကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲမြောက်ထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE  ၏ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်သော်လည်း မစ်ဒယ်ဝိတ်န်းကမ္ဘ့ာချန်ပီယံပွဲများသာ ထိုးသတ်ရသေးပြီး ဂျပန်နိုင်ငံသား ဟဆဲဂါဝါ နှင့် ဒုတိယအကြိမ် ထိုးသတ်ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယခုပြိုင်ပွဲအတွက် နှစ်လကျော်အချိန်ယူပြင်ဆင်ထားပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားကြာင်း သိရသည်။