အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမေက္ခချုပ် ဆရာတော်၏ (၇၉) နှစ်မြောက် ၀ိဇာတမွေးနေ့မင်္ဂလာနှင့် ၀ိဇိရာနန္ဒဏ ဓမ္မစင်တာ ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူမင်္ဂလာအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ပူဇော်ကြည်ညို

 

နေပြည်တော်၊ မတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူးနှင့် ပါတီဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှူဆောင်များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇ၀နသိဒ္ခိရပ်ကွက် ၀ိဇိရာနန္ဒဏဓမ္မစင်တာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် (အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမေက္ခချုပ်ဆရာတော်) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒာမာလာဘိဝံသ မထေရ်မြတ်ကြီး၏ (၇၉) နှစ်မြောက် ၀ိဇာတမွေးနေ့မင်္ဂလာနှင့် ၀ိဇိရာနန္ဒဏဓမ္မစင်တာ ကျောင်းလွှတ်ပူဇာ ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်ကြည်ညိုခဲ့သည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမေက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး အထူးပင့်သံဃာ ၁၁ပါးတို့မှ ရွတ်ပွားပူဇော်ကြသည့်မေတ္တာသုတ် ပရိတ်တရားတော်များ နာယူပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

အစီအစဉ်အရ ၀ိဇိရာနန္ဒဏဓမ္မစင်တာကျောင်းတိုက်အတွင်း တည်ဆောက် ပြီးစီးခဲ့သော ကျောင်းဆောင်သစ်များကို ပါမောက္ခချုပ် ဆရာတော်ထံ သာဟတ္တိကဒါနမြောက် ဆက်ကပ်လှူ၏ဒါန်းခဲ့ပြီး ဆရာတော်ထံမှ အနုမော ဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ခဲ့ပြီး ဗုဒ္ဒသာသနံ စိရံ တိဋ္ဌ တု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနိီး ဒေါ်စိုး ၀တ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟို အလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစမ်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တို့မှ ယနေ့နံနက်ပိုင်း ၇ နာရီက ယင်း ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့သည့် သံဃဒါန ဆွမ်းဆန်တော်လောင်း လှူပွဲ တွင် သံဃာတော် ၃၀၀ ပါးနှင့် သီလရှင် ၁၀၀ပါးတို့အား အလှူငွေကျပ် ၈၅ သိန်းတန်ဖိုးရှိ လှူဖွယ်ဝတ္တုများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။

#ပြည်သူ့ဆက်ဆံရေး