မနီလာမှာ ဆိုင်ကယ်သမားတွေ ဆန္ဒပြ

တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က အဓိကရ အဝေးပြေးလမ်းတွေပေါ်မှာ ဆိုင်ကယ်သမား တသောင်းကျော်က အုပ်စုဖွဲ့ မောင်းနှင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အခုထက် အရွယ်အစား ပိုကြီးတဲ့ ဆိုင်ကယ် နံပါတ်ပလိတ်ပြားတွေကို တပ်ဆင်ကြဖို့ စည်းမျဉ်းသစ် ထုတ်လိုက်တဲ့အပေါ် ဆန္ဒပြခဲ့ကြတာပါ။

ဖိလစ်ပိုင်မှာ လူသတ်မှု၊ ဓါးပြတိုက်မှုနဲ့ တခြားရာဇ၀တ်မှုတွေကျူးလွန်ရာမှာ ဆိုင်ကယ်အသုံးပြုတာတွေ တိုးပွားလာနေတာကြောင့်၊ ဆိုင်ကယ်နံပါတ်ပြားတွေကို ရှေ့မှာရော နောက်မှာပါ တပ်ဆင်ရမှာဖြစ်ပြီး၊ ပေ ၅၀ အကွာကနေ ရှင်းရှင်းလင်းလင်းမြင်ရအောင် စာလုံးကြီးကြီးနဲ့ဖေါ်ပြဖို့ သမ္မတ ဒူတာတေးက အမိန့်ထုတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ဖြေရှင်းနည်းဟာ နည်းလမ်းမကျကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်သူဟာ သူ့ဆိုင်ကယ်ကို အသုံးပြုမှာမဟုတ်ကြောင်း၊ ပြောဆိုကြပါတယ်။ ဖိလစိပိုင်မှာ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာနေတဲ့အတွက် ဆိုင်ကယ်အသုံးပြုသူတွေ များပြားလာနေပါတယ်။

-Ref:RFA