ဘရာဇီးရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်လာတဲ့ နေမာ

ဘရာဇီးနည်းပြထီထီဟာ အလှည့်ကျအသင်းခေါင်ဆောင် ခန့်အပ်တဲ့ပေါ်လစီကို စွန့်လွှတ်ခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာကို ဘရာဇီးအသင်းရဲ့အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နေမာကလည်း ဘရာဇီးကို ဦးဆောင်ခွင့်ရတာဟာ သူ့အတွက် ကောင်းမွန်တယ်လို့ ယုံကြည်နေပါတယ်။ သောကြာနေ့ နယူးဂျာစီမှာ အမေရိကန်နဲ့ ကစားမယ့်ခြေစမ်းပွဲ မတိုင်ခင်မှာ ဘရာဇီးနည်းပြ ထီထီဟာ နေမာကို အမြဲတမ်း အသင်းခေါင်းဆောင်အနေနဲ့ ခန့်အပ်ခဲ့တာပါ။ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် နေမာက “ကျွန်တော်အများကြီး လေ့လာခဲ့လို့ ပိုပြီးလေ့လာမှာဖြစ်လို့ ဒီရာထူးကို ပြန်ပြီးလက်ခံခဲ့တာပါ။ ဒီတာဝန်ကို ထမ်းဆောင်ရတာဟာ ကျွန်တော့်အတွက် ကောင်းမွန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

90Minutes