ပါတီဗဟိုအတွင်းရေးမှူး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၅၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲ တက်ရောက်

 

မတ်လ ၁၀

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ၏ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းအဖြစ် ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းခဲ့ကြရာ ယမန်နေ့ နံနက်(၁၀)နာရီက(၅၇)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ဒေါ်သင်းသင်းမိုး၊အမျိုးသားသွေးလှုဌာန ဒုညွှန်ကြားရေးမှုးချူ ပ် ဒေါက်တာသီတာအောင်နှင့် တိုင်းခရိုင်ပါတီကော်မတီဝင်များ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ပါတီကော်မတီဝင်များ သွေးလှူဒါန်းမည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားရာတွင် ပြခိုင်ဖြိုးပါတီသည် အသင်းဘဝကတည်းကအမျိုးသားပညာရေး အမျိုးသားကျန်းမာရေး ကိစ္စများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ယခုလည်းဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ယနေ့သွေးလှုဒါန်းမှု စီစဉ်ဆောင်ရွက်မှုများသည်များစွာ ခေတ်မှီတိုးတက်လျှက်ရှိရာ သွေးတပုလင်းလှူဒါန်းခြင်းအားဖြင့် လူနာလေးဦးအတွက် လှူဒါန်းနိုင်ရန်နည်းစနစ်များ တိုးတက်လာပြီဖြစ်ကြောင်း ယနေ့လှုဒါန်းသည့် သွေးလှူရှင်များသည် စေတနာသုံးတန်ပြဌာန်းပြီး လှူဒါန်းခြင်းဖြစ်သည့်အတွက် မွန်မြတ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားသွေးလှုဌာန ဒုတိယညွှန်ကြားရေးမှူးချူ ပ်ဒေါက်တာသီတာအောင်မှ သွေးလှုဒါန်းခြင်းနှင့် ပါတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် တာဝန်ရှိသူများမှ သွေးလှူဒါန်းနေကြသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)