မအူပင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ဝါတွင်းသံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၂နာရီမှစတင်၍ မအူပင်       မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါတွင်းသံဃာ့ဒါနအရုဏ်ဆွမ်းလောင်းလှူပွဲသို့ မအူပင်မြို့နယ်အတွင်း ဝါတွင်းသီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးကျောင်း ၈၁ကျောင်းမှ သံဃာတော် အပါး ၉၇၃ပါး ကြွရောက်၍ အလှူခံတော်မူခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစော သောင်းဒန် နှင့် ပါတီကော်မတီဝင်များ၊ပါတီစည်းရုံးရေးမှူးများ၊ ပါတီ ဝင်များက လောင်းလှူခဲ့ကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)