၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့်စကားဝိုင်းဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေး

 

ချာင်းဦး မတ် ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် စကား ဝိုင်းဆွေးနွေးပွဲကို အမြင့်ကျေးရွာအုပ်စု ဦးဝင်းဇော်ထွန်းနေအိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့် သိန်း တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ခုနှစ်)အကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက် က ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံဥပဒေအကြောင်း၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံဥပဒေအကြောင်း၊ နိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေးများ၊ လုပ်ထုံးလုပ်နည်းများကိုရှင်းလင်းဆွေး နွေးပြီး မြို့နယ်ပါတီကော်မတီဝင်ဦးမောင် မောင်မြင့်ကလွတ်လပ်ရေးကြိုးပမ်းမှုများ၊ ရောင်စုံသူပုန်များ၊ ကွန်မြူနစ်စနစ်နှင့် ပါတီစုံဒီမိုကရေစီ၊ ဆိုရှယ်လစ်စနစ်နှင့် တစ်ပါတီ ဒီမိုကရေစီ၊ ယနေ့ ဒီမိုကရေစီ စသည်တို့နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပေါ်လာပုံများ၊ တိုင်းရင်းသား အားလုံး ကိုယ်တိုင်ကိုယ်ကျသဘောတူ ပါဝင်ရေးဆွဲရမည့်ဖွဲ့စည်းပုံဥပဒေ၊ လက်ရှိ ရပ်တည်နေသော နိုင်ငံရေးပါတီများ၏ ပါတီကိုယ်စားလှယ်များ သဘောတူပါဝင် ရေးဆွဲရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူ တန်းစား အလွှာအသီးသီးပါဝင်ရေးဆွဲ သဘောတူရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့တပ်မတော်အခန်းကဏ္ဍတို့ကို တက် ရောက်လာသူများနှင့် အပြန်အလှန်ဆွေး နွေးခဲ့သည်။

ဆွေးနွေးပွဲကိုတက်ရောက်လာသူများ မှလည်း ပြင်ဆင်ခြင်း၊ ပျက်ပြယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ အနာဂတ်မြန်မာနိုင်ငံ စသည့် အကြောင်းအရာများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်း ထိုက်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမြင့်တိုက်နယ်မှ ရပ်/ကျေးပါတီဥက္ကဋ္ဌ များ၊ပါတီဝင်များနှင့်ပြည်သူများစုစုပေါင်း ၅ဝ ကျော်တက်ရောက် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့သည်။

မောင်မောင်မြင့်(ချောင်းဦး)