နိုင်ငံရေးစီမံခန့်ခွဲမှုနှင့်ဥပဒေရေးရာသင်တန်းဖွင့်လှစ်

 

ကျုံပျော် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ်တွင်နိုင်ငံရေး စီမံခန့်ခွဲမှုနှင့်ဥပဒေရေးရာသင်တန်း အား ကျုံပျော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဖျာပုံ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်း မောင်၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်တို့က သင် တန်းဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့သည်။

သင်တန်းသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ဖျာပုံခရိုင်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဖျာပုံခရိုင်ပါတီ အရန်ကော်မတီဝင်၊ ဖျာပုံမြို့နယ် ပါတီကော်မတီဝင်၊ကျုံပျော်မြို့နယ် ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင် များ၊မြို့နယ်အရန်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာများမှ သင် တန်းသား၁၅ဝတက်ရောက်ခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ များဖြစ်ကြသော တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာထိန် ဝင်း၊ ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစန်းမောင်၊ဖျာပုံခရိုင်ပါတီ အတွင်းရေးမှူးဦးလှမိုး၊ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဥပဒေပညာရှင် များဖြစ်ကြသော ဦးခိုင်ဝင်းအောင်၊ ဒေါ်ဇင်ပပဦး၊ဒေါ်အေးမြနန္ဒာတို့က ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)