ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရေဘေးသင့် သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု အောင် ချမ်းသာကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် မြို့နယ်ပြည် ခိုင်ဖြိုးမှ ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ၉နာရီက ပေးအပ်ခဲ့ သည်။ ပြည်ခိုင်ဖြိုး မြို့နယ်ကော် မတီဝင် ပျဉ်ထောင်တွင်းအုပ်စု စည်းမှူးဦးဝင်းလှိုင်၊ ရုံးအဖွဲ့ဝင် စုစုပေါင်းအင်အား ၁၅ဦးတို့က ရေဘေးသင့်ခံရသူအိမ်ခြေ၃၂၆လုံး၊ လူဦးရေ ၄၆ဝ အတွက်ရေသန့်ဘူး များနှင့်မားမားခေါက်ဆွဲခြောက် ထုပ်များကို ရေဘေးကယ်ဆယ် ရေးစခန်းရှိရာ အောင်ချမ်းသာ ကျေးရွာရှိဘုန်းတော်ကြီးကျောင်း သို့သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply