မိုးမိတ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ဆပ်ပြာချက်လုပ်နည်းသင်တန်း ဆက်လက်သင်ကြား

 

မိုးမိတ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်နန်း ခင်မြင့်ဌေးနှင့်မြို့နယ်ပါတီကော်မတီ ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အာသံကျေးရွာအရန် ကော်မတီဝင်ဦးထွန်းကြည်နေအိမ် တွင် ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းပြုလုပ်ခဲ့ ပြီး ဆပ်ပြာချက်နည်းသင်တန်း (စတုတ္ထနေ့)တွင် ဆက်လက်သင် ကြားပြသပေးခဲ့ကြသည်။

ချက်လုပ်ပြီး ဆပ်ပြာရည်များ ကို အာသံကျေးရွာကျောင်းဆရာ တော်၊ ကျေးရွာနာယကကြီးများနှင့် တက်ရောက်လာကြသော အမျိုး သမီး ၄ဝတို့အား ပြန်လည်ဝေငှခဲ့ ကြပြီးမွန်းလွဲ၂နာရီခွဲတွင်သင်တန်း ပို့ချမှုအောင်မြင်ပြီးမြောက်ခဲ့သည်။

ခင်မိုးမိတ်