၂၀၁၈ခုနှစ် ဘောလခဲမြို့နယ် လူငယ်ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသွားရောက်အားပေး

 

ယမန်နေ့(၁၆-၁၂-၂၀၁၈)ရက်နေ့ ညနေ (၃း၅၀)နာရီမှ (၆း၀၀ )နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲ မြို့နယ် လူငယ်ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ဘောလခဲ မြို့နယ်ဘော်လုံးကွင်းတွင် ကျင်းပပြုလုပ်ကာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူးဦးကျော်မြင့် ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးစိုးရယ်နှင့် ဦးအေးရွှေ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (ဘောလခဲမြို့နယ်တာဝန်ခံ) ဒေါ်ဗျားမြာမောင် ပြည်နယ်ကော်မတီဝင်ဦးရဲဝင်း ဘောလခဲခရိုင်ပါတီ အတွင်းရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီဝင် များ ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင်များ အလှူရှင်များ ဖိတ်ကြားထားသောဧည့်သည်တော်များ ဘောလခဲမြို့နယ်အားကစား ဝါတနာရှင်များ အသီးသီး တက်ရောက် အားပေးချီးမြှင့်ခဲ့ ပါသည်။

၎င်းလူငယ်ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲကို(၂၇-၁၁-၂၀၁၈)ရက်နေ့မှ ယနေ့ (၁၆-၁၂-၂၀၁၈) ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။

ပွဲစဉ်တစ်လျှောက် ဘောလခဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ဘောလခဲခရိုင်နှင့် ဘောလခဲမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ အလှူငွေ အသီးသီးပေးအပ်လှူဒါန်း ခဲ့ပါ သည်။

ယနေ့ဗိုလ်လုပွဲကို ဝမ်ချယ်ကျေးရွာနှင့် ရှမ်းပိုင်း ရပ်ကွက်အသင်းတို့က ယှဉ်ပြိုင်ကစားကြရာတွင်ရှမ်းပိုင်းအသင်းက ဝမ်ချယ်ကျေးရွာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ အနိုင်ရဗိုလ်စွဲသွားပါ သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော အလှူရှင် အသီးသီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ပါသည်။

အားကစားပြိုင်ပွဲဖြစ်မြောက်ရေးစီစဉ်သူ ဦးချစ်ဦးမောင်မှ ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်မှ အားကစားသမားများကို အားပေးစကား ပြောကြားသွားပါသည်။

ယင်းနောက် တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီးက နေရာအလိုက်အကောင်းဆုံး အားကစားထူးချွန်ဆုအပြင် ပထမနှင့် ဒုတိယဆု အသီးသီးပေးအပ်ချီးမြှင့် သွားပါကြောင်း သတင်းရ ရှိသည်။

ထာဝရ မြေချစ်သူ