ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂ဝ၁၈)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂ဝ၁၈) ကို ယခုလ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁) ၌ ကျင်းပသည်။ ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများနှင့် ဒုဥက္ကဋ္ဌတို့က တိုင်း ဒေသကြီး/ပြည်နယ်အလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် ဆက် လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။တင်ပြချက်များအပေါ် ပါတီဥက္ကဋ္ဌဦးသန်းဌေးက လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အစည်း အဝေးကို ညနေ၅နာရီခွဲတွင် ရပ်နားခဲ့သည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသ ကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများ၊ဒုတိယဥက္ကဋ္ဌ တို့က ဆက်လက်ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ကော်မတီများ၊ ဌာနကြီးများနှင့် ရေးရာကော်မတီတာဝန်ခံများက လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပြီးနောက် ဒုတိယနေ့အစည်း အဝေးကို ညနေ ၅ နာရီခွဲတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူး များ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။