ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လူငယ်ရေးရာဆွေးနွေးပွဲသို့ တက်ရောက်

 

ရန်ကုန် ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက လူငယ်များသည် ပါတီအနာဂတ် ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီရည်မှန်းချက်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ပါတီများနှင့် ပူးပေါင်း၍ ပါတီအောင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သော ဆွေးနွေးပွဲများ ဟောပြော ပွဲများကို နားထောင်လေ့လာကြ စေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်မြို့နယ်အသီးသီးမှ လူငယ် ရေးရာ တာဝန်ခံများ၊ လူငယ်လှုပ်ရှား တာဝန်ခံများနှင့် လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
မြတ်ဟိန်းကျော်