ကျောင်းကုန်းတွင် ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

ကျောင်းကုန်း အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဇီငူကျေးရွာအုပ်စု နောင်ဘိုကျေး ရွာတွင် ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉နာရီခွဲတွင် နောင်ဘိုကျေးရွာ၌ကျင်းပခဲ့သည်။

အခမ်းအနားကိုနိုင်ငံတော်အလံ အား အလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရှေးဦးစွာပါတီဝင်ပြည်သူတစ်ဦးက ပါတီသို့ဝင်ရောက်ရခြင်းအကြောင်း အားလည်းကောင်း၊ ကျေးရွာ၏ လိုအပ်ချက်များကို ရပ်မိ/ရပ်ဖတစ် ဦးက တင်ပြကြသည်။ ထို့နောက် ပါတီဝင်အဆိုပြုလွှာ ၄၄၅ ဦးကို ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ပေးအပ်ပြီး နယ်မြေတာဝန်ခံ ဦးမျိုး သီဟက လက်ခံခဲ့သည်။ထို့နောက် ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးကျော်ဝင်းစိန်၊ ပုသိမ်ခရိုင် ပါတီဥက္ကဋ္ဌဦးကျော် ကျော်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်(ကျောင်းကုန်းမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်)ဒေါက်တာထိန်ဝင်း၊ကျောင်း ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)ဦးသိန်း ထွန်းက ပါတီ၏ရှေ့လုပ်ငန်းစဉ် များ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ ရေးအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ အင်အား ၁၈ဝ ကျော်တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် ပါတီဝင် သစ်များအား ပါတီရင်ထိုးတံဆိပ် များကို မြို့နယ်ပါတီကော်မတီ အဖွဲ့မှ တပ်ဆင်ပေးခဲ့ကာ အခမ်း အနားကို မွန်းတည့် ၁၂ နာရီတွင် ပြည်ခိုင်ဖြိုးဟေ့ သီချင်းသီဆိုကာ အောင်မြင်စွာပြီးဆုံးခဲ့သည်။

သန်းနိုင်ဦး(ကျုံပျော်)