၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများ၊ ဝန်းရံအဖွဲ့များနှင့်တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဌ နှင့်အဖွဲ့ တက်ရောက်
(၃၀.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများ၊ ဝန်းရံအဖွဲ့များနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မဲရုံကိုယ်စားလှယ်များ၊ ဝန်းရံအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးမှ မဲရုံကိုယ်စားလှယ်များ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးမှာပြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စောမြိုင်မှ ရွေးကောက်ပွဲနေ့တွင် လုပ်ဆောင်ရမည့် အသေးစိတ်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ပါတီအဖွဲ့များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။