ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ တိုင္း/ခရိုင္လုပ္ငန္းညႇိႏွိင္းအစည္းအေဝးျပဳလုပ္


ရန္ကုန္ ဇူလိုင္ ၂၆

ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ တိုင္း/ခရိုင္လုပ္ငန္းညႇိႏွိင္းအစည္းအေဝးအား ယေန႔နံနက္ ၁၁:၃၀ နာရီအခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေရွ႕ဦးစြာ ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးက ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီစုံညီ အစည္းအေဝး(၇/၂၀၂၃)လမ္းညႊန္ခ်က္မ်ားအားထပ္ဆင့္ရွင္းလင္းျခင္းႏွင့္ ရက္(၉၀) စီမံခ်က္ အေကာင္ထည္ေဖာ္ ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ား၊ အသြင္သစ္ႏွင့္ဆက္ဆံေရး၊ ျပည့္မဏၰိဳင္စီမံခ်က္မ်ားေဆာင္ရြက္နိုင္ေရး၊ ေရွ႕ဆက္ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ား၊ လုပ္ငန္းလိုအပ္ခ်က္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြး ေျပာၾကားခဲ့ပါသည္။
ထိုေနာက္ တိုင္းေကာ္မတီဝင္ စည္း႐ုံးေရးရာတာဝန္ခံ ေဒၚဇာျခည္လင္းမွ ပါတီဝင္အင္အား စီစစ္ျခင္းႏွင့္ စည္း႐ုံးေရးရာ ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကေသာ (၁၄)ခရိုင္မွ ခရိုင္ဥကၠဌမ်ားက ခရိုင္အလိုက္ ေဆာင္ရြက္ခ်က္မ်ားအား တင္ျပၾကၿပီး တိုင္းေဒသႀကီးပါတီဥကၠဌမွနိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေန႔လည္ ၀၁:၀၀ နာရီအခ်ိန္၌ အစည္းအေဝးအား ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ေၾကာင္းသိရသည္။

===========================================================

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တိုင်း/ခရိုင်လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဇူလိုင် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တိုင်း/ခရိုင်လုပ်ငန်းညှိနှိင်းအစည်းအဝေးအား ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီ အစည်းအဝေး(၇/၂၀၂၃)လမ်းညွှန်ချက်များအားထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်(၉၀) စီမံချက် အကောင်ထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အသွင်သစ်နှင့်ဆက်ဆံရေး၊ ပြည့်မဏ္ဏိုင်စီမံချက်များဆောင်ရွက်နိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထိုနောက် တိုင်းကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဒေါ်ဇာခြည်လင်းမှ ပါတီဝင်အင်အား စီစစ်ခြင်းနှင့် စည်းရုံးရေးရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော (၁၄)ခရိုင်မှ ခရိုင်ဥက္ကဌများက ခရိုင်အလိုက် ဆောင်ရွက်ချက်များအား တင်ပြကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှနိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လည် ၀၁:၀၀ နာရီအချိန်၌ အစည်းအဝေးအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရသည်။