ပြည်ခိုင်ဖြိုးပ၊ါတီဆိုင်းဘုတ်တင်ပွဲနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့်စကားဝိုင်းကျင်းပပြုလုပ်

 

ချောင်းဦး မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက် သည့် စကားဝိုင်းကို ဘူတာကျေးရွာအုပ်စု ပဲပြစ်တောကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဦးညွန့်ဝေနေအိမ်၌ကျင်းပခဲ့သည်။

ပါတီဆိုင်းဘုတ်ကိုအမွှေးနံ့သာပက်ဖျန်း ၍ဖွင့်လှစ်ခဲ့ကာ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပြီး မုံရွာခရိုင်ပါတီဥက္ကဋ္ဌဦးအောင် တိုးက (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက် က ၁၉၄၇၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေ များမှ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများကို ရှင်း လင်းဆွေးနွေးပြီး မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူးဦးမျိုးမြင့်ဦးက အမျိုးသား ရေးနှင့် အနာဂတ်မြန်မာနိုင်ငံအကြောင်း၊ မြို့နယ်ပါတီကော်မတီဝင်ဦးမောင်မောင်မြင့် က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၊ရောင်စုံ သူပုန်များ၊ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် နှင့်တစ်ပါတီ ဒီမိုကရေစီ၊ ယနေ့ဒီမိုကရေစီ စသည်တို့နှင့်(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်း ရင်းသားအားလုံး သဘောတူရေးဆွဲရမည့် ဖွဲ့စည်းပုံဥပဒေ၊ လက်ရှိရပ်တည်နေသော နိုင်ငံရေးပါတီများ၏ ပါတီကိုယ်စားလှယ် များ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူတန်းစားအလွှာအသီးသီး၏ ကိုယ်စား လှယ်များပါဝင်ရေးဆွဲသဘောတူရမည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ မြန်မာ့တပ်မတော်နှင့် အခန်းကဏ္ဍတို့ကို တက်ရောက်လာသူများ နှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

တက်ရောက်လာသူများကလည်း ဖွဲ့ စည်းပုံဥပဒေကို သိရှိမှ ပြင်သင့်ခြင်း၊ လွှတ် တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အနာဂတ်မြန်မာနိုင်ငံနှင့်တိုင်းရင်း သားစည်းလုံးညီညွတ်ရေးစသည့်အကြောင်း အရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မုံရွာခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်တိုး၊ မုံရွာခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဘူတာ ကျေးရွာအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ၊ ပါတီ ဝင်များနှင့် ပဲပြစ်တောကျေးရွာ ပြည်သူများ စုစုပေါင်း ၇ဝကျော်တက်ရောက် ရင်းနှီး နွေးထွေးစွာဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ချောင်းဦး)