ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)အကြောင်း သိကောင်းစရာဟောပြောပွဲ မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းတွင်ကျင်းပ

 

မိတ္ထီလာ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ရုံးဝင်းအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲမှစတင်၍ (၂ဝဝ၈) ဖွဲ့စည်း ပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာ များ ဟောပြောပွဲကို ကျင်းပသည်။

မိတ္ထီလာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသော အခြေခံဥပဒေ(၂ဝဝ၈)အကြောင်းသိကောင်း စရာများဟောပြောပွဲကျင်းပရခြင်း၏ ရည် ရွယ်ချက်မှာ ဒို့တာဝန်အရေး(၃)ပါးကိုအမျိုး သားရေးမူဝါဒဖြင့်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည် ဆောက်ရန်အတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူများအား နားလည် သဘောပေါက်စေရန်အတွက် ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေး ပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း များဖြင့်ဖွင့်လှစ်ပြီး ဦးစွာ မန္တလေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်က အဖွင့် အမှာစကားပြောကြားခြင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဗဟိုဌာန ချုပ်)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက (၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမန္တလေးတိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော် မိုးကလည်း ဖွဲ့စည်းပုံအကြောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသော ပါတီကေဒါများက ပြန်လည်မေးမြန်းခြင်း များကိုပြန်လည်ရှင်းလင်းဖြေကြားကာပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ဟောပြောပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေး မှူးဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီ အလုပ်အမှုဆောင်ဦးမိုးမြင့်သိန်း၊ ဦးရွှေနန်း၊ ဗဟိုပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦး၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ သာစည်၊ မိတ္ထီလာ၊ ဝမ်း တွင်း၊ မလှိုင်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများစုစုပေါင်းအင်အား ၄၄၃ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)