စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

စလင်း မတ် ၁၂

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပုံမှန် လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက် ရောက်လာသော စလင်းမြို့နယ် ပါတီကော်မတီဝင်များက နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်းကို သံပြိုင်သီဆိုကြ သည်။ ဆက်လက်၍ စလင်းမြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်လွင်ကအဖွင့်အမှာစကားပြော ကြားသည်။ ယင်းနောက် ပြည်ခိုင် ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းမြိုင်က ပါတီအတွင်းစည်း လုံးညီညွတ်ရေးနှင့် ဒေသလိုအပ် ချက်များကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးစိန်လင်းတို့က ၂ဝ၂ဝပြည့်နှစ်တွင် ပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေးနှင့် မြို့နယ် ရပ်ကျေးပါတီဝင်များအနေဖြင့် စည်းကမ်းတကျ နေထိုင်ကြရန် ပြောကြားသည်။ တက်ရောက် လာသောပါတီဝင်များက မိမိတို့ ကျေးရွာဒေသအလိုက် ဆောင်ရွက် ထားရှိမှုများ၊ လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြပြီး စလင်း မြို့နယ် ပုံမှန်လပတ်အစည်းအဝေး ကို နံနက် ၁၁ နာရီတွင် အောင် မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရ သည်။

စစ်ကြည်(စလင်း)