မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လူငယ်ရေးရာအဖွဲ့ အမျိုးသမီးရေးရာတို့နှင့် တွေ့ဆုံဆွေးနွေး

 

နတ်တလင်း မတ် ၁၂

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ တွင် ယမန်နေ့နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြစိုးနှင့် ကော်မတီဝင်များသည် မြို့နယ်လူငယ်ရေးရာအဖွဲ့၊ အမျိုး သမီးရေးရာအဖွဲ့တို့နှင့်တွေ့ဆုံဆွေး နွေးမှုပြုလုပ်ရာ ပါတီဥက္ကဋ္ဌဦးမြစိုး က လူငယ်များ၊ အမျိုးသမီးရေးရာ အဖွဲ့များအနေဖြင့် ပြည်သူ့အကျိုး ပြုဒေသလုပ်ငန်းများကို တက် တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်၊ ပါတီပုံရိပ်ကျဆင်းမည့် ကိစ္စများမလုပ်မိစေရန်ပြောကြား ပြီး လူငယ်ရေးရာနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များကလည်းဆောင် ရွက်သွားမည့်ရှေ့လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးကြကြောင်းသိရသည်။

တင်မြင့်(နတ်တလင်း)