ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြုကြိုဆို​သောအားဖြင့် ပခုက္ကူမြို့နယ်​ ပြည်ခိုင်ဖြိုးပါတီမှ ​လှုပ်​ရှား​ဆောင်​ရွက်

 

ပခုက္ကူ ၊ စက်​တင်​ဘာ၊ ၂၃

ဗဟိုအမျိုးသမီး​ညီလာခံအား ကြိုဆိုဂုဏ်​ပြု​သောအားဖြင့် မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ စက်တင်ဘာ (၂၃) ရက်​နေ့ နံနက်​(၈) နာရီချိန်​မှ စတင်​၍ ကွန်းရွာအုပ်​စုအတွင်း၊ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံအနီးရှိ ဧရာဝတီမြစ်လယ်တွင်တည်ရှိသော ​လေးလံကျွန်း၊ ​ရေလည်​​သောင်​၊ မြင်းကျွန်း​ကျေးရွာများရှိ ပါတီဝင်​အမျိုးသမီးထုနှင့် တွေဆုံခြင်း၊ မကြာသေးမှီရက်ပိုင်းအတွင်းက ဧရာဝတီမြစ်​ရေတိုက်စားမှုကြောင့် ရေဘေးဒုက္ခခံစားနေရ​သော ​ဒေသခံပြည်​သူများအား အဝတ်အထည်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ အိုခွက်ပုဂံများနှင့် ကျေးရွာရှိမူလတန်းကြိုကျောင်းမှ
ကျောင်သား/သူများအား ပခုက္ကူ ခရိုင်/မြို့နယ်​အမျိုးသမီးရေးရာအဖွဲ့များက ​ထောက်ပံ့လှူဒါန်းခြင်းများကို ​ဆောင်​ရွက်​ကြ​ကြောင်း သိရသည်​။
ရှေးဦးစွာ ​လေးလံကျွန်း​ကျေးရွာနှင့် ​ရေလည်​​သောင်​​ကျေးရွာရှိ ဇီဝိတရာမ​ကျောင်းထိုင်​ဆရာ​တော်​အား ဝါဆိုသင်္ကန်း ဆက်​ကပ်​ခြင်း၊ ​ကျေးရွာမူလတန်းကြို ​ကျောင်းသား/သူများအား ပညာ​ရေးသင်​​ထောက်​ကူပစ္စည်းများ ​ထောက်​ပံ့ခြင်း၊ မြင်​ကွန်း​ကျေးရွာတွင်​ ​ရေ​ဘေးသင့်ပြည်​သူများအား အဝတ်​အထည်​များ လှူဒါန်းခြင်းတို့ ​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့် ​ကျေးရွာများသို့​ ရောက်​ရှိစဉ်​ ပါတီဝင်​အမျိုးသမီးများ၊ စိတ်​ပါဝင်​စားသူများနှင့် အမျိုးသမီး​ရေးရာဆိုင်​ရာများ ​တွေ့ဆုံရှင်းလင်းခဲ့​ကြောင်းနှင့် အဆိုပါလှုပ်​ရှားမှုအား ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်း၏ လမ်းညွှန်​ကြီးကြပ်​မှုနှင့်အတူ ပခုက္ကူခရိုင်အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်တင်တင်ခိုင်၊ ပခုက္ကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်း​​အေးနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ​ဒေါ်ကြည်သိန်းဦးနှင့် အမျိုးသမီးရေးရာ​ကော်မတီဝင်များ၊ နယ်​​မြေတာဝန်​ခံများ လိုက်​ပါ​ဆောင်​ရွက်​ကြ​ကြောင်း သိရသည်​။

Min Zaw