လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၂၈

လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက လှိုင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်း မိုး၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်းရေးမှူးဦးသန်း အေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များ၊ အမျိုးသမီးပါတီဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုကော် မတီဝင်ဒေါ်သင်းသင်းမိုးက အမှာ စကားပြောကြားရာတွင် ယနေ့ အမျိုးသမီးညီလာခံများ ကျင်းပရ သည့် ရည်ရွယ်ချက်မှာ အမျိုး သမီးများပါဝင်လာခြင်းဖြင့် ပါတီ ၏နိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍမြင့်မားလာစေရန်၊ ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များကို အမျိုး သမီးပါတီဝင်များမှတစ်ဆင့် ပြည် သူများ ကျယ်ကျယ်ပြန့်ပြန့်ပိုမို သိရှိလာစေရန်၊အမျိုးသမီးများဘဝ ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံရေးလုပ်ငန်းများတွင် အမျိုး သမီးများ ပါဝင်ဆောင်ရွက်ခြင်း ဖြင့် ပါတီတွင်အမျိုးသမီးပါတီဝင် များ ပိုမိုပါဝင်ဆောင်ရွက်လာစေ ရန်ရည်ရွယ်ချက်ဖြင့် အမျိုးသမီး ညီလာခံများ ကျင်းပနေခြင်းဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပါတီကော် မတီဝင်ဒေါ်အိအိလှိုင်ကအမျိုးသမီး ညီလာခံကျင်းပဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယပိုင်းအစီ အစဉ်ကို ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့နေရာယူပြီး အမျိုး သမီးအစုအဖွဲ့လေးဖွဲ့မှ စာတမ်း လေးစောင်ကိုဖတ်ကြား တင်ပြ သည်။

ဆက်လက်၍ မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်အေး အေးခိုင်က ညီလာခံ၏တွေ့ရှိချက်၊ ဆုံးဖြတ်ချက်၊ သုံးသပ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များ၊ တိုင်းညီလာခံသို့ တက်ရောက်မည့်အမည်စာရင်းတို့ ကိုဖတ်ကြားသည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကိုပြည် ခိုင်ဖြိုးသီချင်းသီဆို၍ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ဗိုလ်အုန်း(လှိုင်)