ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​သည်​ (၂၆.၈.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီ(၃၀)မိနစ်​က ​ညောင်​ဦးပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ကျင်းပသော ​ရပ်​/​ကျေး ပါတီဥက္ကဋ္ဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားသို့ တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့ပါသည်​။ ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​နှင့်​အတူ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​​​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊​​​ ​ညောင်​ဦးခရိုင်​ပါတီဥက္ကဋ္ဌဦးညွန့်​ဝင်းနှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​​​ ​ညောင်​ဦးမြို့နယ်​ပါတီဥက္ကဋ္ဌဦး​အောင်​​ဌေးနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​များ၊ပါတီဝင်​သစ်​များအပါအဝင်​ စုစု​ပေါင်း အင်​အား(၄၀၀)​​ကျော်​တက်​​ရောက်​ခဲ့​ကြပါသည်​။