သရက်ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီအစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းခြင်းကို ဇွန်လ (၂၁) ရက် နေ့လည် (၁) နာရီ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

Tha Yet Chaung6 Tha Yet Chaung7

အစည်းအဝေးတွင် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းခြင်း ဆောင်ရွက်ကြရာ သရက်ချောင်းမြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုးထွေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး အဖြစ် ဦးကျော်ဝေ၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးမြင့်ဝေ တို့အား အသီးသီးရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

ရာဇာ


Leave a Reply