ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် နိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်း အနားသို့ တက်ရောက်

 

ကော့ကရိတ် စက်တင်ဘာ

ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ် ပါတီကော်မတီဝင် ဦးအောင်သိန်းဝင်း၊ ကော့ကရိတ်မြို့နယ် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ၊ ကော့ကရိတ် ခရိုင်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌများ၊ ပါတီ ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်