ကွမ်းခြံကုန်းမြို့ နယ်ပါတီမျက်နှာစုံညီစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့ နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပခဲ့သည်။

76426401-21062016

အခမ်းအနားအစီအစဉ်အရ သဘာပတိတောင်ပိုင်းခရိုင်အတွင်း ရေးမှူး ဦးလွင်ဦးက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ကော်မတီဝင်များက ပါတီနှင့်ပတ် သက်သော စာတမ်းများဖတ်ကြား ခြင်း၊ တင်သွင်းခြင်း၊ အဆိုပြုခြင်းများ ပြုလုပ်ကြကာ ပထမပိုင်းအစီ အစဉ်ကို ခေတ္တရပ်နားခဲ့သည်။

ထို့နောက်ဒုတိယပိုင်းအစီအစဉ် ကျင်းပရာတွင် မြို့နယ်ပါတီကော်မ တီဝင်အသစ်များရွေးချယ်ပြီးနောက် သဘာပတိတောင်ပိုင်းခရိုင်အတွင်း ရေးမှူးဦးလွင်ဦးကအသစ်ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် မြို့နယ်ကော်မတီဝင် ၁၅ဦး အမည် စာရင်းဖတ်ကြားကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီးနောက် အခမ်း အနားကို ကြွေးကြာ်သံများဖြင့် မွန်းလွဲ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါမျက်နှာစုံညီအစည်း အဝေးသို့ ပြည်ခိုင်ဖြိုးပါတီကော် မတီဝင် ဦးစိန်တင်ဝင်း၊ တောင်ပိုင်း ခရိုင်တာဝန်ခံဦးအောင်မြင့်နှင့်တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးလွင်ဦးနှင့်ခရိုင်ကော်မတီဝင်များ၊ ကွမ်းခြံကုန်းမြို့နယ် ပါတီအတွင်း ရေးမှူးဦးဌေးဝင်းနှင့် မြို့နယ်ကော် မတီဝင်များ၊ရပ်/ကျေးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များစုစုပေါင်း ၁၃ဝ တက်ရောက်ခဲ့ကြသည်။

မြင့်ဦး


Leave a Reply