ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအုပ်စု မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်ကွက်/ကျေးရွာ အုပ်စု မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၁) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ကိုယ်စား လှယ်များ စုံညီစွာ တက်ရောက် ခဲ့ကြသည်။

Pkk3 Pkk4

မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ သက်ဆိုင်ရာ စည်းရုံးရေး နယ်မြေအလိုက် ကိုယ်စားလှယ်လောင်းများကို အဆို  တင်သွင်ခြင်း၊ ထောက်ခံခြင်းများဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခဲ့ကြသည်။

အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများမှ သဘာပတိရှေ့မှောက် ကတိ သစ္စာပြုကြပြီး စုံညီ အခမ်း အနားကို နေ့လည် (၁၂) နာရီ (၁၅) မိနစ်အချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

yawminthar


Leave a Reply