လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရန်ကုန် ဇူလိုင် ၈

လသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ (၂၃) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ်ပါတီရုံး၌ ပြုလုပ်ရာ အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပန်းဘဲတန်း မြို့နယ် မဟာသိမ်တော်ကြီး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရား တော်နာရေစက်ချကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။ထိန်ဝင်း(YGN)