ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်၊ ရေနွေးကြမ်း စကားဝိုင်းနှင့် သုံးဆပ်ပြာရည်ချက်နည်း သင်တန်းပေး

 

ယ​မန်နေ့ ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပါတီဥက္ကဌ ​ဒေါ်နန်းခင်​မြင့်​င့်ဌေး ၊ အတွင်း​ရေးမှူး ဦး​မောင်​ငယ်​နှင့် မြို့နယ်​ EC များ ၊ အမျိုးသမီး ရေးရာ ဒုတာဝန်​ခံ ​ဒေါ်နှင်းဆီနှင့် လူငယ်​​ရေးရာ အတွင်း​ရေးမှူး ကိုစိုင်းကျော်​ထွန်းနိုင်​တို့ အဖွဲ့ဝင်​များသည်​ မိုး​ဟောက်​​ကျေးရွာ အုပ်​စု​ဘော်​​ဒေ ​ကျေးရွာပါတီဝင်​ ကိုမြင့်ကျော်​စိုး ​နေအိမ်​တွင်​ ပါတီဆိုင်း ဘုတ်​တင်ခြင်း ၊ ဦးဆန်​ပ ​နေအိမ်တွင်​ ​ကျေးရွာလူထုနှင့် တွေ့ဆုံ​၍ ​ရေ​နွေးကြမ်း စကားဝိုင်းနှင့် အိမ်​သုံးဆပ်​ပြာရည်​ ချက်​သင်​တန်းအား (၂၈) ရွာ​မြောက်​ လက်​​တွေ့ ချက်​လုပ်​ ပြသခဲ့သည်။ ဆက်လက်ပြီး တက်​​ရောက်​လာ​သော ​ကျေးရွာလုထု (၃၀) ဦးတို့အား ဆပ်​ပြာရည်​များ ​ဝေဌခဲ့ကြ​ကြောင်း သိရှိရပါသည်​။USDP Shan – North