ရေဘေးသင့်ကျေးရွာများတွင် လိုအပ်သည့်စားသောက်ဖွယ်ရာများ ကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုးပါတီကူညီလှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် စစ်တောင်းမြစ် ရေ အဆမတန် မြင့်တက်လာမှု ကြောင့် ရေဘေးသင့်ခံနေရသော အနန်းဘော်ကျေးရွာအုပ်စုအတွင်း ရေဘေးသင့်ပြည်သူများအား မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ ကာလ တန်ဖိုး ၁၅သိန်းရှိသည့် စားသောက် ဖွယ်ရာများ လှူဒါန်းခဲ့သည်။
အုပ်စုတွင်းဆယ်ရွာရှိ ဆိုးရွား စွာ ရေဘေးသင့်နေရသော အနန်း ဘော်၊ ကွင်းချောင်းဝ၊ ရွာသာယာ၊ ဆေးကိုင်း၊ ချောင်းကျိုး၊ ညောင် ဝိုင်း၊ သစ်တဲ စသည့် ကျေးရွာများ ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေသန့် ဘူး၊ မုန့်ခြောက်၊ ခေါက်ဆွဲထုပ် ငါးပိဘူး၊ ဆီ၊ ဆန်နှင့်အခြားစား သောက်ဖွယ်ရာများအား မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ မြို့ နယ်ပါတီတာဝန်ရှိသူများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဒေါက်တာခင်မောင်ဆွေနှင့် ပါတီ လူငယ်တာဝန်ခံများမှအိမ်အရောက် ပေးအပ်မျှဝေလှူဒါန်းပေးခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား အား ပေးနှစ်သိမ့်ခဲ့ပြီး ရွှေ့ပြောင်းမှုများ တွင် ပါဝင်ကူညီလုပ်အားပေးခဲ့ သည်။

”ပြည်ခိုင်ဖြိုးပါတီကိုကျေးဇူး အရမ်းတင်ပါတယ်။ နှစ်စဉ် ခုလို လာပြီး ကူညီတယ်။ အားပေး တယ်။ ဝမ်းလည်းသာတယ်။ ဒီမှာ က စပါးခင်းတွေလည်း ရေတွေ မြုပ်ကုန်ပြီ စားစရာတွေကလည်း ကုန်တော့မယ်။ ရေတွေကလည်း သိပ်မသန့်တော့ဘူး။ ခုလိုလာလှူ တော့ ပါတီကို ကျေးဇူးအရမ်းတင် ပါတယ်”ဟု ဒေသခံ မမာဦးက ပြောကြားခဲ့သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)