တွံတေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရန်ကုန် ဇူလိုင် ၂၉

တွံတေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ၊ ခရိုင်ကော်မတီဝင် ဦးဝင်းထွန်းနိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်၊ ဘဏ္ဍာရေး မှူး ဦးမင်းနိုင်၊ ဦးမြသောင်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကွက် ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်လူငယ် တာဝန်ခံက အမှာစကားပြောကြားသည်။ ထို့နောက် ပါတီဥက္ကဋ္ဌကြီး၏ လမ်းညွှန်အမှာစကားကို ဖတ်ကြား၍ မြို့နယ်လူငယ်တာဝန်ခံက အတွေ့ အကြုံကို ရှင်းလင်းပြီး မြို့နယ်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းဆင့်(တွံတေး)