အစောဆုံးထုတ်ပယ်ခံရဖို့ ရေပန်းစားလာတဲ့ မော်ရင်ဟို

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မော်ရင်ဟိုနဲ့ အမှုဆောင်အရာရှိ ၀ုဒ်ဝါ့ဒ်တို့အကြား ဆက်ဆံရေး အနိမ့်အဆုံး အဆင့်ကို ရောက်သွားပြီဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုနဲ့ အမှုဆောင်အရရှိဝုဒ်ဝါ့ဒ်တို့အကြားမှာ ဆက်ဆံရေး ဆိုးရွားလာပြီး အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ ဒီနွေရာသီမှာ ဖရက်ဒ်၊ ဒါလော့တ်နဲ့ လီဂရန့်တို့အတွက် ပေါင်သန်း ၇၀ ကျော်သုံးပြီးလို့ ၀ုဒ်ဝါ့ဒ်က ငွေထပ်ထုတ်ပေးဖို့ ဆန္ဒမရှိဘဲ ဖြစ်နေပါတယ်။
ဒီအချိန်မှာ မော်ရင်ဟိုက လက်စတာ နောက်ခံလူ မက်ဂွဲယားအပါအ၀င် ကွင်းလယ်လူတစ်ဦးကို အလိုရှိနေတာပါ။ မန်ယူအတွက် ငွေကြေးက ပြဿနာမဟုတ်ပေမယ့် မော်ရင်ဟို တောင်းဆိုတိုင်း ဖြည့်ဆည်းပေးရင် ငွေဖြုန်းတီးရာ ကျမှာစိုးလို့ ရှိပြီးသားသူတွေထဲက အချို့ကို ရောင်းချပြီးမှာသာ ငွေသုံးခွင့်ပေးဖို့ ၀ုဒ်ဝါ့ဒ်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်မှာ လီဗာပူးကို ၄-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ မော်ရင်ဟို ဟာ ၀ုဒ်ဝါ့ဒ်ကို ရည်ရွယ်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ ဆန်းချက်ဇ်ဘက်က ကာကွယ်ပြီး တစ်ခြားသူတွေကို အပြစ်တင်သလို ဖြစ်ခဲ့လို့ အသင်းမှာလည်း မကျေနပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မန်ယူမှာ အတွင်းပြဿနာတွေ ကြီးထွားပြီး အဆင်မပြေ ဖြစ်လာမှာကိုလည်း ဘုတ်အဖွဲ့က စိုးရိမ်နေတာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ မော်ရင်ဟိုရဲ့ ကစားကွက်ကလည်း အားရစရာမရှိလို့ မနှစ်ကလိုဘဲ ခံစစ်ဦးစားပေးမှာကို ပရိသတ်တွေက စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

90Minutes