လှိုင်သာယာ ပြည်ခိုင်ဖြိုးပါတီမှ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၅.၅. ၂၀၁၇ ) ရက်နေ့ နံနက် (၉) နာရီအချိန်က လှိုင်သာယာမြို့နယ် ပြည်ခိုင် ဖြိုးပါတီ သင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်
ဖြိုးပါတီ ဥက္ကဋ္ဌ ဦးတင်ယုမှသင်တန်းဖွင့်အမှာစကားပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါသည်!

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့ (G-1)ဦးသိန်းဝင်း၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီသူနာပြု အသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်နိုင်သန်းတို့မှ တက်ရောက်အမှာစကားပြောကြားပြီး လှိုင်သာယာမြို့နယ် (ယာယီ) ဥက္ကဌ ဦးဇေယျာအောင်မှ သင်တန်းဖွင့်
လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်!

ဆက်လက်ပြီး သင်တန်းသား/သင်တန်းသူများကို လိုင်သာယာမြို့နယ် ကြက်ခြေနီသူနာပြု (ဒု) တပ်ရင်းမှူး ဦးထွန်းဝေနှင့်အဖွဲ့မှ သင်တန်းပို့ချခဲ့ ပါသည်!

Yangon Thar