မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

ကွေး၊ ဇူလိုင်၊ ၉

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​​ရေးရာ အလုပ်​ရုံ​ဆွေး​နွေးပွဲ အခမ်းအနားကို ယ​နေ့ နံနက်​ ၉ နာရီခွဲအချိန်​က တိုင်း​ဒေသကြီးပါတီ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​​ကြောင်း သိရသည်​။ အခမ်းအနား အစီအစဉ်​အရ နိုင်​ငံ​တော်​အလံ အ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်း သီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပြီး တိုင်းဒေသကြီးပါတီ​ ကော်​မတီဝင်​၊ တိုင်းလူငယ်​​ရေးရာ တာဝန်​ခံ ဦး​ကျော်​သူဦးက ကြိုဆိုနှုတ်​ခွန်းဆက်စကား
ပြောကြားခြင်း၊ မြို့နယ်​ပါတီဥက္ကဌက လူငယ်​​ရေးရာ အလုပ်​ရုံ​ဆွေး​နွေးပွဲ ကျင်းပရခြင်း ရည်​ရွယ်​ချက်​အား ရှင်းလင်း တင်​ပြုခြင်း၊ စာ​ရေးဆရာ ​နေမင်းနွယ်​က လူငယ်​များ သိသင့်​သိထိုက်​​သော နိုင်​ငံ​ရေး အခင်းအကျင်း ​ခေါင်းစဉ်​ဖြင့်​ ​ဆွေး​နွေးတင်​ပြခြင်းများ ​ဆောင်​ရွက်​ကြပြီး နံနက်​ ၁၀း၄၅ နာရီအချိန်​တွင်​ အခမ်းအနားပထမပိုင်း ပြီးဆုံးခဲ့​ကြောင်းနှင့်​ အခမ်းအနားသို့ မ​ကွေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​သူဦး၊ မ​ကွေးမြို့နယ် ပါတီ ဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့်​ ​ကော်​မတီဝင်​များ၊ ရပ်​/​ကျေး (၇၆) အုပ်​စုမှ လူငယ်​ကိုယ်​စားလှယ်​ (၇၆) ဦး အပါအဝင်​ စုစု​ပေါင်း အင်​အား. (၁၀၀) ဦးခန့်​ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။မင်ဇော်