ကျောက္ကာ (တောင်) ရွာမှ ဒေသခံအမျိုးသမီးများနှင့် စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်

 

ယ​မန်နေ့ (၈.၇.၂၀၁၉) ရက်​​နေ့ မွန်းလွဲ (၁၄း၃၀) အချိန်​တွင်​ စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​ခိုင်​ပါတီ တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်သိင်္ဂီဝင်း​ရွှေ (တိုင်းအမျိုးသမီး​ရေးရာ တာဝန်​ခံ) သည်​ ​တိုင်းအရံပါတီ​ကော်​မတီဝင်​ ​ဒေါ်ကြူ မိုးသန့်​ (မုံရွာခရိုင်​အမျိုးသမီး​ရေးရာ တာဝန်​ခံ)၊ မုံရွာမြို့ နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်း၊ အတွင်း​ရေးမှူး ဦးမြင့်​စိုး၊ မြို့နယ်​ပါတီ ကော်​မတီဝင်​များ ဖြစ်​ကြသည့်​ ဦး​ကျော်​ဝင်းနိုင်​၊​​ ​ဒေါ်သီတာစိမ့်​ (မြို့နယ်​အမျိုးသမီး​ရေးရာ တာဝန်​ခံ) တို့နှင့်​အတူ မုံရွာမြို့နယ်​ ​ကျောက္ကာ (​တောင်​) ရွာ ဦး​ကျော်​ဝင်း​ နေအိမ်​၌ ပါတီဝင်​အမျိုးသမီးများ၊​ကျေးရွာ အမျိုးသမီးအဖွဲ့များနှင့်​ ​တွေ့ဆုံခဲ့ပါသည်​။

တွေ့ဆုံပွဲတွင်​ လက်​ရှိနိုင်​ငံ​ရေး အ​ခြေအ​နေများ ၊ ပါတီ၏ သ​ဘောထားရပ်​တည်​ချက်​များ၊ က​လေးသူငယ်​ အခွင့် အရေးဆိုင်​ရာ ဥပ​ဒေ ပြင်​ဆင်​ချက်​နှင့်​ ပတ်​သက်​သည့်​ အမျိုးသား​ရေး တာဝန်​များ၊  သက်​ငယ်​မုဒိမ်းမှုနှင့်​ ပတ်သက်​၍ သိရှိထားရမည့်​ ​လိုက်​နာရန်​နှင့်​ ​ရှောင်​ကြဉ်​ရန်​အချက်​များ၊​​ ကျေးရွာပြည်​သူများ၏ လူမှုစီးပွား အ​ခြေခံ လိုအပ်​ချက်​များကို အမျိုးသမီးသမီးအဖွဲ့များနှင့်​ ရင်းနှီးပွင့်​လင်းစွာ ​ ဆွေး​နွေးခဲ့ကြပါသည်​။