ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၃ နာရီက ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဦးခင်ရီနှင့်တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီကော် မတီဝင် များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး ကို ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဘဏ္ဍာရေးမှူး ဗဟို         ကော်မတီဝင် ဒေါ်အေးမင်းမိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်း ဒေသကြီးခရိုင်နှင့်မြို့နယ်ကော်မတီ ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီး တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက အမှာစကားပြောကြား သည်။ ထို့နောက် တက်ရောက် လာကြသည့် တိုင်းခရိုင် မြို့နယ် ကော်မတီဝင်များက ဆွေးနွေး  တင်ပြကြပြီးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးတိုင်း ဒေသကြီးတာဝန်ခံမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။

ထိန်ဝင်း(YGN)