ရေနံချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

 

ရေနံချောင်း မတ် ၎

ရေနံချောင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ စည်းရုံးရေးမွမ်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ပါတီအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် နိုင်ဝင်းက အမှာစကားပြောကြား ပြီး အတွင်းရေးမှူး ဦးဝင်းတင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ပြောကြားသည်။

သင်တန်းကာလမှာ ယခုလ ၂ ရက်မှယမန်နေ့အထိဖြစ်ပြီး မြို့နယ် အတွင်းမှ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၄၃ စုမှ သင်တန်းသား သင်တန်းသူ ၄၃ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းတင်နှင့် ပါတီမှတာဝန်ရှိသူများ၊ ရပ်ကွက် နှင့် ကျေးရွာများမှသင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

ရွှေညာသား(ရေနံချောင်း)