စပိန်နည်းပြ ဖာနန်ဒိုဟီယာရို နုတ်ထွက်

၂၀၁၈ ကမ္ဘာ့ဖလားတွင် စပိန်အသင်းကို ဦးဆောင်ခဲ့သော ရီးရဲလ်နောက်ခံလူဟောင်း နည်းပြ ဖာနန်ဒိုဟီယာရို သည် နည်းပြရာထူးမှ နုတ်ထွက်ပြီး ၎င်း၏ ယခင်ရာထူးဖြစ်သော အသင်း၏ အားကစားညွှန်ကြားရေးမှူး ရာထူးကိုလည်း ပြန်လည်ရယူမည် မဟုတ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)က ဇူလိုင် ၈ ရက်၌ ကြေညာသည်။

ကမ္ဘာ့ဖလားစတင်ရန် ရက်ပိုင်းအလိုတွင် နည်းပြ ဂျူလန်လိုပါတီဂူကို ထုတ်ပယ်ကာ ဟီယာရိုကို ယာယီအစားထိုး ကိုင်တွယ်စေခဲ့သည်။ ၎င်းကို စပိန်နည်းပြနေရာ၌ ခန့်ထားမှုနှင့် ၎င်း၏အရည်အချင်းအပေါ် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

၂၀၁၀ ချန်ပီယံစပိန်သည် နောက်ဆုံး (၁၆) သင်းအဆင့်တွင် အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံး အဖြတ်ဖြင့်ရှုံးကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဟီယာရိုသည် ကမ္ဘာ့ဖလား မတိုင်မီ နှစ်ရက်အလိုတွင် စပိန်ကို ကိုင်တွယ်ခဲ့ရပြီး မိမိအတွက်  ပြောင်းလဲချိန် မရှိတော့ဟု ရာထူး လက်ခံစဉ်က ပြောကြားသည်။

လိုပါတီဂူသည် ရီးရဲလ်ကို ကိုင်တွယ်ရန် သဘောတူခဲ့ခြင်းကို အဖွဲ့ချုပ်အား အသိမပေးခဲ့၍ ထုတ်ပယ်ခံရကာ ဟီယာရို စပိန် နည်းပြဖြစ်လာခြင်းဖြစ်သည်။

—Ref: BBC