ဂျာမနီအသင်းကနေနုတ်ထွက်ဖို့ အိုဇေးလ်ကို သူ့ဖခင်တိုက်တွန်း

ဂျာမနီအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ဝေဖန်မှုတွေ အပြင်းအထန်ခံခဲ့ရတဲ့ အိုဇေးလ်ကို ဂျာမနီလက်ရွေးစင်ဘ၀ကနေ အနားယူဖို့ သူ့ဖခင်က တိုက်တွန်းလိုက်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ တူရကီသမ္မတ အာဒိုဂန်နဲ့တွေ့ပြီး အငြင်းပွားစရာတွေ ဖန်တီးခဲ့တဲ့ အိုဇေးလ်ဟာ ခြေစွမ်းလည်း မပြနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ သူရဲ့ဖခင်ဖြစ်တဲ့ မူစတာဖာအိုဇေးလ်က “ကျုပ်သာ သူ့နေရာမှာဆို အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြီးသွားပါပြီလို့ ပြောမိမှာဘဲ။ သူဟာ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။ ဒါဟာ ဘာကြောင့်လည်းဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဂျာမနီအတွက် ၉ နှစ်ကြာ ကစားခဲ့ပြီး ကမ္ဘာ့ဖလားကို အရယူပေးနိုင်ခဲ့သူလေ။ အခုကဒီလို မဟုတ်ဘဲ နိုင်ရင်တော့ အားလုံးနိုင်၊ ရှုံးရင်တော့ အိုဇေးလ်ကြောင့်လို့ ပြောနေကြတာဟာ စော်ကားသလိုပါဘဲ”လို့ ပြောသွားပါတယ်။ 

90Minutes