ကမ္ဘာ့ဖလားကို ရော်နယ်ဒို အပြည့်အဝ အာရုံစိုက်ထားဟု အသင်းဖော် ဖာနန်ဒက်စ်ပြောကြား

ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အနာဂတ်ထက်ပေါ်တူဂီ၏  ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုကို အပြည့်အဝေ    အာရုံစိုက် ထားကြောင်း ၎င်း၏ လက်ရွေးစင်အသင်းဖော် မယ်နျူရယ်ဖာနန်ဒက်စ်က ပြောကြားသည်။

ပြီးခဲ့သည့်လက ချန်ပီယံလိဂ်တွင် ရီးရဲလ်အသင်းသုံးကြိမ် ဆက်တိုက် ဗိုလ်စွဲပြီးနောက် အသင်းမှ ထွက်ခွာ နိုင်သည်ဟု တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ သို့သော် မိမိ၏ မှတ်ချက်များသည် အချိန်ရွေးချယ်မှုမှား ယွင်းခဲ့သည်ဟု ရော်နယ်ဒိုက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၁၆ က လည်း အနာဂတ်နှင့်ပတ်သက်၍ မှန်းဆချက်မျိုးစုံ ထွက်ပေါ်နေစဉ် ပေါ်တူဂီကို ယူရို ၂၀၁၆ တွင် ဖလားရရှိအောင် စွမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင်လည်း ပေါ်တူဂီ ကမ္ဘာ့ဖလား အာင်ပွဲရရန် အသင်း ခေါင်းဆောင် ရော်နယ်ဒိုက အပြည့်အဝ အာရုံစိုက်နေသည်ဟု အသင်းဖော် ဖာနန်ဒက်စ်က ပြော ကြားသည်။

‘‘ကျွန်တော့်အမြင်မှာတော့ မကောင်းမြင်စရာတစ်ကွက်မှ မရှိပါဘူး။ ပုံမှန်ပဲလို့ သူ့ကိုမြင်တယ်။ ကျွန်တော့် အတွက်တော့ သူဟာ အနာဂတ်အတွက် သိပ်ပူပန်နေတယ် မရှိပါဘူး။ သူဟာ လက်ရွေးစင်အသင်း လုပ်ကိုင် နေတာနဲ့ ပေါ်တူဂီကို ကူညီဖို့အတွက်ပဲ လုံးဝအာရုံစိုက်ထားပါတယ်’’ ဟု လိုကိုမိုးတစ်ကွင်းလယ်လူ ဖာနန်ဒက်စ် က ပြောသည်။

ပေါ်တူဂီသည် ရုရှားတွင် အောင်မြင်မှုရရှိရန် ရော်နယ်ဒိုကို အားကိုးဖွယ်ရှိကြောင်း   ဖာနန်ဒက်စ်က ဆက်လက် ပြောသည်။

သို့သော်အသင်းကလည်း အကောင်းဆုံး ကစားရမည်ဟု ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ် က ပြောကြားသည်။ ‘‘ရော်နယ်ဒို က အဓိက ကျပါတယ်။ ဒါပေမဲ့လည်း အနိုင်ရဖို့ဆိုရင် တစ်သင်းလုံး ကောင်းကောင်းကစားဖို့လို အပ်ပါတယ်’’ ဟု ဆန်းတို့စ်က ပြောသည်။

တစ်ဖက်တွင် ရော်နယ်ဒို သည် ယခုရာသီရီးရဲလ်၏ အရေးမကြီးသော ပွဲများတွင် အနားရရှိခဲ့ခြင်းအတွက် ကမ္ဘာ့ဖလား၌ ပေါ်တူဂီကို ဦးဆောင်ရာတွင် အထောက်အကူ ရရှိဖွယ်ရှိသည်။

—Ref:Goal/Ap