ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ချင်းဟိုင်ရေကန်သို့ သွားရောက်လေ့လာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များသည် ယမန်နေ့တွင်တည်းခိုရာ ချင်းဟိုင်ဟိုတယ်(Qinghai Hotel)မှ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ချင်းဟိုင် ရေကန်(Qinghai Lake)သို့ သွားရောက်ရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ချင်းဟိုင်သည် ကုန်းတွင်းရေငန်ကန်တစ်ခု ဖြစ်ပြီး ရေအနက် ၂၂ မီတာ ရေအပူချိန် ၇ ဒီဂရီဖာရင်ဟိုက်နှင့် စတုရန်းကီလိုမီတာ ၄၆ဝဝ ကျယ်ဝန်းသည်။

ရေကန်ပတ်လည် ၃၆ဝ မီတာရှည် လျားပြီး ရှားပါးငှက်မျိုးစိတ်များရှိ ကာ ချင်းဟိုင်းပြည်နယ် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုင်နန် မြို့တွင်တည်ရှိသည်။ ရေကန်ရှိ ဒေသခံများသည် ရေကန်အား စီးပွားဖြစ်အသုံးမပြုကြဘဲ ဝိုင်းဝန်း စောင့်ရှောက်သည့် ဓလေ့ရှိကြ သည်။ချင်းဟိုင်ပြည်နယ် နိုင်ငံခြား ရေးဌာနမှ ဒုတာဝန်ခံမစ္စစ်ဂျင်းနှင့် အဖွဲ့ဝင်များက ကြိုဆို၍ ရေကန် အတွင်း လှည့်လည်ရှင်းလင်းပြသ ကြသည်။

ထို့နောက်Qinghali Lake Hall ချင်းဟိုင်ရေကန်ခန်းမတွင် နေ့လယ်စာဖြင့်ဧည့်ခံပြီး တည်းခို ရာဟိုတယ်သို့ ညနေ ၅ နာရီခွဲ တွင်ရောက်ရှိခဲ့ကြသည်။၎င်းနောက် ညနေ ၆ နာရီခွဲတွင်Oringhai Hotel ခန်းမ(၁)တွင် ချင်းဟိုင် ပြည်နယ်ပါတီ အမြဲတမ်းကော်မတီ ဝင်၊ ဒုတိယအတွင်းရေးမှူးမစ္စတာ လျုံးလီနှင့် တွေ့ဆုံခဲ့ပြီး၎င်းက ဂုဏ်ပြုညစာဖြင့် ဧည့်ခံခဲ့သည်။

မိုးဇော်(နေပြည်တော်)