ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံကြိုပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

မအူပင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးလျက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲအား ယမန်နေ့နံနက် ၉ နာရီတွင် ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ဘုရားကြီးရွာသစ် ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ် ခြင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဒေါ်စမ်းစမ်းဝင်းနှင့် ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းတို့က အမှာစကား အသီးသီးပြောကြားခြင်း၊ ပါတီဝင်အဆိုပြုလွှာ အစောင် ၃ဝဝ အား စုပေါင်း ပေးအပ်ခြင်း၊ ပါတီဝင်အဆိုပြုလွှာပေးအပ်သူတစ်ဦးက ပါတီဝင်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော တာဝန်ရှိသူများက ပါတီဝင် ရင်ထိုးတံဆိပ်တပ်ဆင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူး ဒေါ်စမ်းစမ်းဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကဿဝင်ကျေးရွာ အုပ်စု ကျေးရွာပါတီဥက္ကဋ္ဌ ဦးဆောင်သော ကျေးရွာပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ လုပ်သားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)